ဆောင်ရန်ရှောင်ရန် အချက်လေးတွေပါ။
၁။ မြေဖို့ခြင်း သစ်ပင်စိုက်ခြင်းပြုလျှင်
နေအိမ်ဧ။် အနိမ့်ဘက် နောက်ဖေးဘက်မှ မြေ၊ အိမ်သာကျင်းမြေများကို မျက်နှာစာအရပ်တွင် ဖို့ခြင်း၊ သစ်ပင်စိုက်ခြင်း မပြုလုပ်သင့်ပါ။ ကံဇာတာများ နိမ့်ကျခြင်းများ ကြုံရတက်ပါတယ်။
၂။ ဆိုင်းဘုတ်တင်ရင်
ဈေးဆိုင်၊ အလုပ်ခန်းတွေမှာ ဆိုင်းဘုတ်တင်တဲ့အခါ ယတြာပန်းများ ချိတ်ဆွဲထားကြပါတယ်။ ပန်းများနွမ်းခြောက်သွား၍ မဖြုတ်ဘဲထားလျှင် မိမိလုပ်ငန်းများအတွက် မကောင်းပါ။
၃။ သားသမီးများကြောင့်မိဘ ဒုက္ခမရောက်ချင်ရင်
သားသမီးများသည် အပြစ်ကင်းစင်သည် ဆိုပါသော်လည်း မိဘဧ။် ဦးခေါင်းအား လက်နှင့် မပုတ်စေရ၊ အကျင့်ပြုလုပ်၍ မဆဲဆိုစေရပါ။ မိဘရဲ့လုပ်ငန်း ထိခိုက်တတ်ပါတယ်။
မိဘဧ။် ခေါင်းအုံးအားခွခြင်း၊ ကျော်လွှားခြင်း ပြုလုပ်ပါက ထိုမိဘများမှာ ပူပင်သောကများစွာ ကြုံရပြီး ဆိုးကျိုး ဒုက္ခများ ကြုံတွေ့ရတတ်ပါတယ်။
၎။ ဘုရားပန်း စွန့်ပစ်ရင်
ဘုရားစင်တွင် ပူဇော်ကပ်လှူပြီးသော ပန်း၊ ရေချမ်း၊ ဆီမီးတို့အား အသစ်လဲလှယ်လျှင် ဘုရားပန်း ရေချမ်းတို့ကို မျက်နှာစာ ခေါင်းရင်းအရပ်တို့တွင်သာ စွန့်ပစ်ပါ။
နေအိမ်ဧ။် ခြေရင်းဘက်၊ နောက်ဘက်များတွင် မစွန့်ပစ်သင့်ပါ။
၅။ အိမ်မွေးတိရစ္ဆာန် မွေးမြူရင်
အိမ်မွေးတိရစ္ဆာန် မွေးမြူမိပါက မြင့်မြတ်သော အိမ်ဧ။်နေရာများ အလုပ်ခန်းများသို့ ၀င်ထွက်သွားလာခွင့် မပြုသင့်ပါ။ အိမ်ခေါင်အမိုးပေါ်သို့လည်း မတက်သင့်ပါ။
၆။ ကားများ ပျက်စီးခြင်း၊ တိုက်မိခြင်း မဖြစ်စေချင်ရင်
မိမိနေအိမ်၊ လုပ်ငန်းတွင် အသုံးပြုသော ကားကိုမမောင်းခင် အမွှေးနံ့သာရည်၊ တရော်ကင်ပွန်းရည်များဖြင့် နံနက်တိုင်း ပက်ဖျန်းပါ။ ကျက်သရေမင်္ဂလာ တိုးပွားစေပြီး အန္တရယ်ကင်းပါတယ်။
ကားကို ဂိုထောင်ထဲ သိမ်းဆည်းလျှင် ကားဧ။်ထိပ်ပိုင်း ခေါင်းနှင့် အိမ်ကို မထိခိုက်စေရ၊ မတိုက်မိစေရပါ။ တိုက်ခိုက် ထိမိပါက ၎င်းနေရာကို တရော်ကင်ပွန်းဖြင့် ဆေးကြောသန့်စင်ပါ။
၇။ လုံချည်၊ ထဘီ ၀တ်ဆင်ရင်
ဝတ်ဆင်သည့် လုံချည်၊ ထဘီများအား ဦးခေါင်းထက်မှကျော်၍ ချွတ်ခြင်း၊ လဲလှယ်ခြင်း၊ ၀တ်ဆင်ခြင်းများ မပြုသင့်ပါ။ မိမိဧ။် ကျက်သရေမင်္ဂလာများ နိမ့်ပါးကျဆင်းစေတတ်ပါတယ်။ လုံချည်၊ ထဘီများကို ခြေထောက်မှ သာချွတ်၍ လဲလှယ်ဝတ်ဆင်ပြီး စနစ်တကျ ခေါက်သိမ်းပါက ကျက်သရေမင်္ဂလာ ကောင်းကျိုးစီးပွားများ ဖြစ်ထွန်းချောမွေ့ အောင်မြင်စေပါတယ်။
၈။ နေအိမ်အောက် ကြိုးတန်းအောက်
နေအိမ်များအောက် လုံချည်၊ ထဘီ၊ ဘောင်းဘီ များလှမ်းသည့် ကြိုးတန်းများအောက်သို့ ၀င်ခြင်း၊ ဖြတ်သန်းခြင်း မပြုသင့်ပါ။ ဘုန်းကျက်သရေမင်္ဂလာများ နိမ့်ပါးကျဆင်းတတ်ပါသည်။ တတ်နိုင်သမျှ မ၀င်မိ၊ မဖြတ်မိအောင် ရှောင်ကြဉ်ပါ။
Reference: Yaung Pyan Magazine, August 2007
Read More...
Summary...