အရင်က နေရာတိုင်းလိုလိုမှာ တွေ့နေရတဲ့ PCO ဖုန်းဆိုင်တွေဆို အခုတစ်ဆိုင်မှမတွေ့ရတော့ဘူး။ ဖုန်းဆက်ဖို့ရာအတွက် တကယ်ကိုအခက်ကြုံရတယ်။
Thursday, 25 October 2007
PCO
Posted by
နေရာသစ်
at
03:07
0
comments
Labels: မန္တလေးသတင်း
Thursday, 2 August 2007
Earthquake
မနေ့ည ၁၀း၃၀ နဲ့ ၁၂း၀၀ နာရီ ကျော်လောက်မှာ ငလျှင်လှုပ်သွားခဲ့တယ်။ ပထမ အကြိမ်လှုပ်တုန်းက ကျနော် TV ထိုင်ကြည့်နေတုန်းလှုပ်သွားခဲ့ပြီး သိပ်မပြင်းဘူး။ ဒုတိယအကြိမ် လှုပ်တာတော့ တော်တော်လေးပြင်းတယ်။ အဲဒီအချိန်မှာ ကျနော် အိပ်ရာထဲရောက်နေပြီ။ တစ်အိမ်လုံးကိုတုန်သွားခဲ့တယ်။ နောက်နေ့ နေ့လည် အလုပ်ရောက်ရောက်ချင်း စောသေးလို့နားမလို့လုပ်နေတုန်း ယူနီဖောင်းဝတ်ပြီး လာခဲ့ပါလိုပြောသွားတယ်။ ဘာလို့လည်းလို့မေးကြည့်လိုက်တော့ မနေ့ကငလျှင်လှုပ်သွားတဲ့ ဒဏ်ကြောင့် အရင်ကတည်းက ကြွချင်နေတဲ့ ဧည့်ခန်းမှာခင်းထားတဲ့ကြွေပြားတွေက အကုန်နီးပါးလောက် ကြွတက်လာတယ်လို့ပြောတယ်။ အဲဒီကိစ္စနဲ့ပက်သက်ပြီး မန်နေဂျာကအစ အကုန်အလုပ်ရှုပ်သွားကြတယ်။ ကျနော်တို့ လက်ရှိအလုပ်လုပ်နေတဲ့နေရာကိုလည်း တခြားတစ်နေရာပြောင်းလိုက်ရတယ်။
Posted by
နေရာသစ်
at
19:32
0
comments
Labels: မန္တလေးသတင်း
Tuesday, 17 July 2007
မန္တလေးအလှ
စာတွေနဲ့ပြည့်နေတဲ့ကျနော့်ရဲ့ Blog စာမျက်နှာအတွက် မန္တလေးမြို့ရဲ့ပုံတွေကို စုစည်းမိ့သလောက်တင်ပြပေးလိုက်ပါတယ်။
မှတ်ချက်။ ။ယခုပုံများကို myanmars.net မှ ရယူထားခြင်းဖြစ်ပါသည်။
Posted by
နေရာသစ်
at
00:22
0
comments
Labels: မန္တလေးသတင်း
Thursday, 12 July 2007
ကိုသားကြီး
ဇာတ်ကောင်ကို ပီပြင်စွာ၊ သဘာဝကျစွာ သရုပ်ဆောင်တက်သော၊ ပြည်သူချစ်သော အနုပညာရှင် ကိုသားကြီး တစ်ယောက် ၁၁.၀၇.၀၇ နေ့ကကွယ်လွန်သွားကြောင်းကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကိုသားကြီး တစ်ယောက်ကောင်းရာသုကတိလားပါစေ....

Posted by
နေရာသစ်
at
21:44
0
comments
Labels: မန္တလေးသတင်း
Tuesday, 10 July 2007
မန္တလေးလျှပ်စစ်မီး
အခု မန္တလေး ရဲ့မြို့နယ်တော်တော်များများကို ၂၄ နာရီ မီးလာနေပြီလို့သိရတယ်။ ကျနော်တို့ရပ်ကွက်မှာလည်း ၈.၇.၀၇ နေ့ကစပြီးမီးမပျက်တာ ဒီနေ့အထိ့ပါပဲ။ ပျက်လည်း ၅ မိနစ် ၁၀ မိနစ်လောက် ပျက်ပြီးနောက်ပြန်လာတယ်။ ဒီအတိုင်းသာ ပုံမှန်ဖြစ်ခဲ့ရင် တကယ်ဝမ်းသာစရာပါ။
Posted by
နေရာသစ်
at
23:42
0
comments
Labels: မန္တလေးသတင်း