ဦးလေးကိုဆေးခန်းလိုက်ပို့ရင်း လမ်းမှာ စက်ဘီးလဲပြီး ကိုယ်ကိုယ်ကိုတောင် မနိုင်မနင်းဖြစ်နေတဲ့ အရက်သမားတစ်ယောက်ကိုတွေ့ခဲ့ရတယ်။ ရှိသမျှအရက်ဆိုင်တိုင်းမှာ လူတွေပြည့်နေတာကိုထပ်မြင်ရတော့ အခုပိုစ်ကိုရေးဖြစ်သွားခဲ့ပါတယ်။
အရက်
အရက်ကို လူအမျိုးမျိုးက အကြောင်းပြချက်မျိုးစုံနဲ့ သောက်နေခဲ့ကြတယ်။ ဘယ်လိုကြောင့်ပဲ သောက်သောက် ဒီအရက်ကကောင်းကျိုးမပေးတာကိုတော့ သူတို့အားလုံးသိကြမှာပါ။ အရက်သောက်လို့ ချမ်းသာသွားတဲ့သူ၊ ကြီးပွားသွားတဲ့သူရယ်လို့ တစ်ခါမှ မမြင်ဘူး၊ မကြားဘူးခဲ့ပါဖူး။ အရက်ရောင်းတဲ့သူသာ ရောင်းကောင်းလို့ ကောင်းစားရင်ကောင်းစားသွားမယ် သောက်တဲ့သူအတွက်ကတော့ လုံးဝအကျိုးမရှိတဲ့အပြင်၊ လူကိုပါအန္တာရယ်ဖြစ်စေတဲ့ ဒီအရက်ကို ဘာကြောင့်များနှစ်နှစ်ခြိုက်ခြိုက် သောက်နေခဲ့ကြတာလည်း။ လုံးဝစဉ်းစားလို့မရခဲ့ပါဘူး။
စီးပွားရေးအရ ဈေးကွက်တစ်ခုဖြစ်နေတဲ့ အရက်ကို ၀ိသမာလောဘသားတွေက သူတို့စီးပွားရေးတစ်ခုထဲ အကျိုးအတွက်နဲ့ မတားမြစ်မခြင်း ရောင်းနေကြမှာပါဘဲ။ ရောင်းတဲ့သူကိုအပြစ်တင်မလားဆိုတော့ သူတို့ကလည်း သောက်သုံးသူတွေရှိလို့သာ အခုလိုရောင်းနေကြတာပါ။ အဓိကကတော့ မိမိကိုယ်တိုင်ပဲလို့ ကျနော်စဉ်းစားမိ့တယ်။
သူကရောင်းချင်ဦးတောင် သောက်မယ်သူမရှိရင် ရောင်းနိုင်တော့မယ်မထင်ပါဘူး။
အရက်ကြောင့် ဘ၀ဆုံးသွားတဲ့သူတွေ၊ လူရာမ၀င်ဖြစ်ခဲ့ရသူတွေ ပတ်ဝန်းကျင်မှာ အများကြီးတွေ့မြင်ကြမှာပါ။ ကိုယ်ရှေ့မှာ ဒီလိုလူမျိုးတွေ မြင်တွေ့နေတာတောင်မှ အသောက်မပျက်တဲ့ အရက်ချစ်သူများကိုတော့ တကယ်အံ့သြရပါတယ်။ ဖြစ်လာမယ့်လမ်းကို ကြိုသိနေပါရက်နဲ့ သူတို့ဘယ်လို သတ္တိတွေနဲ့များ ဒီအရက်ကိုသောက်နေကြသလဲ။ စိတ်ညစ်လို့ သောက်တယ်ဆိုရအောင် အရက်သောက်တိုင်း စိတ်ညစ်ပြေသွားမလား၊ အဆင်မပြေမှုတွေပျောက်သွားမလား။ အလုပ်ပင်ပန်လွန်းလို့ ဆေးဖြစ်ဝါးဖြစ်သောက်ပါတယ်ဆိုရင်လည်း ကြာရင်အဲဒီလုပ်ရပ်က ရောဂါကို ငွေနဲ့ဝယ်ယူသလို ဖြစ်နေမှာပါ။ အရက်သောက်တော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ကိုမှီခိုနေတဲ့ မိသားစု၊ မိမိရဲ့ဆွေမျိုးမိဘ၊ မောင်နှမတွေကို တစ်ချက်လောက်မြင်ကြည့်ပါ။ ကိုယ်သောက်လို့ကိုယ်ဖြစ်တယ်ဆိုအုံးတောင် သင့်မိသားစုက ဒီအတိုင်းကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အတွက်နဲ့သူတို့တွေ ဒုက္ခရောက်ရမယ်ဆိုတာ စဉ်းစာကြည့်ရင်သိနိုင်မှာပါ။
ဘယ်သူမဆို နည်းနည်းပါးပါးဆိုရာကနေ စခဲ့ကျတာကြည်းပါ။ နောက်တော့ အဲဒီနည်းနည်းဆိုတာကနေ မသောက်ရမနေနိုင်တဲ့အထိဖြစ်လာခဲ့ကြပြီး၊ နောက်ဆုံးကိုယ်ရဲ့ဘ၀ကိုပါပေးဆပ်လိုက်ရတဲ့အထိ့ ဖြစ်သွားနိုင်ပါတယ်။ “ အစရှိ အနောင်နောင် ” ဆိုသလို ကောင်းကျိုးမပေးတဲ့ ဒီအရက်ကို အစမလုပ်မိ့ဖို့နဲ့ ကျနော်တို့ ဗုဒ္ဓဘာသာအရ ကံငါးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ သေရည်သေရက် သောက်စားခြင်းကို ရှောင်ကျဉ်ကျဖို့ သူငယ်ချင်း အားလုံးကို ဒီဆောင်းပါးနဲ့အတူ ပြောချင်ပါတယ်။
Wednesday, 22 August 2007
အရက်
Posted by
နေရာသစ်
at
15:10
Labels: ကျနော်ဧ။်နေ့စွဲများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment