Friday, 29 June 2007

ပျော်ရွှင်ခြင်းနေ့


မန်နေဂျာ ပြောလိုက်တဲ့ “မင်းတို့ယောက်ကျာင်္းလေးတွေထဲက တစ်ယောက် အင်းလေးသွားရမယ်” ဆိုတဲ့စကားကြောင့် ညစ်နေတာကြာပြီ။ နေ့လည် အလုပ်ရောက်တော့ Senior တစ်ယောက်က သူမနက်ဖြန် အင်းလေးသွားရမယ်လို့ ပြောလာမှ စိတ်ချမ်းသာရတော့တယ်။ ကိုယ်မရောက်ဖူးတဲ့ဒေသ ဖြစ်ပေမယ့် အခုအချိန်မှာတော့ မသွားချင်သေးတာအမှန်ပဲ။ အင်းလေးမှာ အရမ်းပြင်းစရာကောင်းတယ်လို့ ရောက်နေတဲ့သူတွေကပြောတော့ပိုဆိုးတယ်။ အလှည့်ကျသွားရတာဆိုတော့ အခုချိန် မပါပေမယ့် နောင်တစ်ချိန်တော့သွားရမှာပဲ။ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် မသွားရတာကိုပဲ ကျေနပ်မိ့တယ်။ အလုပ်လာရင်းနဲ့ City Hall (1) မှာ Electronic ပြပွဲဝင်ကြည့်တော့ ရန်ကုန်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။ လုံးဝမမျှော်လင့်ဘဲ တွေ့လိုက်ရလို့အရမ်းအံ့သြတယ်။ ညနေခင်းကျတော့လည်း ချစ်သူဆီက ဖုန်းဝင်လာတယ်လေ။ မနက်စောစော ဘုန်းကြီးကျောင်းသွားပြီး ကုသိုလ်ယူထားတဲ့ကျေးဇူးကြောင့်လို့ထင်တာပဲ။

No comments:

Post a Comment