Monday 30 July 2007

For My Sis

Read More...

Wednesday 25 July 2007

Google Earth

မနေ့က Google Map မှာ မန္တလေးမြို့ကိုရှာပြီး လျှောက်ကြည့်ရင်းနဲ့အချိန်ကုန်သွားခဲ့တယ်။ Google Map ကိုကြည့်ရတာ အားမရလို့ ဒီနေတော့ Google Earth ကို Download လုပ်ပြီး မန္တလေးမြို့ကို အပေါ်စီးကနေ ထပ်ကြည့်ဖြစ်တယ်။ ကြည့်ရတာ တကယ်ကိုအားရစရာပဲ။ ကိုယ်နေတဲ့ အိမ်ကိုရှာကြည့်တာ မမှတ်မိ့ဘူးဖြစ်နေတယ်။ သွပ်မိုးအိမ်လေးတွေက တန်းစီနေတော့ ကိုယ်အိမ်ဘယ်ဟာလည်းဆိုတာတောင် မဝေခွဲတက်တော့ဘူး။ အထင်ကရ နေရာတွေကိုတော့ အမှတ်တရအနေနဲ့ ဒီပိုစ်မှာတင်ထားလိုက်ပါတယ်။


မန္တလေး မဟာမြတ်မုနိဘုရားကြီး


ဘွဲနှင်းသဘင်ခန်းမ



နန်းရှေ့ဈေး


အမျိုးသားကဇာတ်ရုံ


ရွှေကျောင်း နှင့် အတုမရှိ


ဘူတာကြီး


ရတနာပုံဈေး ပုံ(၁)


ရတနာပုံဈေး ပုံ(၂)

Read More...

Wednesday 18 July 2007

သိမှတ်စရာ


ဆောင်ရန်ရှောင်ရန် အချက်လေးတွေပါ။

၁။ မြေဖို့ခြင်း သစ်ပင်စိုက်ခြင်းပြုလျှင်

နေအိမ်ဧ။် အနိမ့်ဘက် နောက်ဖေးဘက်မှ မြေ၊ အိမ်သာကျင်းမြေများကို မျက်နှာစာအရပ်တွင် ဖို့ခြင်း၊ သစ်ပင်စိုက်ခြင်း မပြုလုပ်သင့်ပါ။ ကံဇာတာများ နိမ့်ကျခြင်းများ ကြုံရတက်ပါတယ်။

၂။ ဆိုင်းဘုတ်တင်ရင်

ဈေးဆိုင်၊ အလုပ်ခန်းတွေမှာ ဆိုင်းဘုတ်တင်တဲ့အခါ ယတြာပန်းများ ချိတ်ဆွဲထားကြပါတယ်။ ပန်းများနွမ်းခြောက်သွား၍ မဖြုတ်ဘဲထားလျှင် မိမိလုပ်ငန်းများအတွက် မကောင်းပါ။

၃။ သားသမီးများကြောင့်မိဘ ဒုက္ခမရောက်ချင်ရင်

သားသမီးများသည် အပြစ်ကင်းစင်သည် ဆိုပါသော်လည်း မိဘဧ။် ဦးခေါင်းအား လက်နှင့် မပုတ်စေရ၊ အကျင့်ပြုလုပ်၍ မဆဲဆိုစေရပါ။ မိဘရဲ့လုပ်ငန်း ထိခိုက်တတ်ပါတယ်။

မိဘဧ။် ခေါင်းအုံးအားခွခြင်း၊ ကျော်လွှားခြင်း ပြုလုပ်ပါက ထိုမိဘများမှာ ပူပင်သောကများစွာ ကြုံရပြီး ဆိုးကျိုး ဒုက္ခများ ကြုံတွေ့ရတတ်ပါတယ်။

၎။ ဘုရားပန်း စွန့်ပစ်ရင်

ဘုရားစင်တွင် ပူဇော်ကပ်လှူပြီးသော ပန်း၊ ရေချမ်း၊ ဆီမီးတို့အား အသစ်လဲလှယ်လျှင် ဘုရားပန်း ရေချမ်းတို့ကို မျက်နှာစာ ခေါင်းရင်းအရပ်တို့တွင်သာ စွန့်ပစ်ပါ။

နေအိမ်ဧ။် ခြေရင်းဘက်၊ နောက်ဘက်များတွင် မစွန့်ပစ်သင့်ပါ။

၅။ အိမ်မွေးတိရစ္ဆာန် မွေးမြူရင်

အိမ်မွေးတိရစ္ဆာန် မွေးမြူမိပါက မြင့်မြတ်သော အိမ်ဧ။်နေရာများ အလုပ်ခန်းများသို့ ၀င်ထွက်သွားလာခွင့် မပြုသင့်ပါ။ အိမ်ခေါင်အမိုးပေါ်သို့လည်း မတက်သင့်ပါ။

၆။ ကားများ ပျက်စီးခြင်း၊ တိုက်မိခြင်း မဖြစ်စေချင်ရင်

မိမိနေအိမ်၊ လုပ်ငန်းတွင် အသုံးပြုသော ကားကိုမမောင်းခင် အမွှေးနံ့သာရည်၊ တရော်ကင်ပွန်းရည်များဖြင့် နံနက်တိုင်း ပက်ဖျန်းပါ။ ကျက်သရေမင်္ဂလာ တိုးပွားစေပြီး အန္တရယ်ကင်းပါတယ်။

ကားကို ဂိုထောင်ထဲ သိမ်းဆည်းလျှင် ကားဧ။်ထိပ်ပိုင်း ခေါင်းနှင့် အိမ်ကို မထိခိုက်စေရ၊ မတိုက်မိစေရပါ။ တိုက်ခိုက် ထိမိပါက ၎င်းနေရာကို တရော်ကင်ပွန်းဖြင့် ဆေးကြောသန့်စင်ပါ။

၇။ လုံချည်၊ ထဘီ ၀တ်ဆင်ရင်

ဝတ်ဆင်သည့် လုံချည်၊ ထဘီများအား ဦးခေါင်းထက်မှကျော်၍ ချွတ်ခြင်း၊ လဲလှယ်ခြင်း၊ ၀တ်ဆင်ခြင်းများ မပြုသင့်ပါ။ မိမိဧ။် ကျက်သရေမင်္ဂလာများ နိမ့်ပါးကျဆင်းစေတတ်ပါတယ်။ လုံချည်၊ ထဘီများကို ခြေထောက်မှ သာချွတ်၍ လဲလှယ်ဝတ်ဆင်ပြီး စနစ်တကျ ခေါက်သိမ်းပါက ကျက်သရေမင်္ဂလာ ကောင်းကျိုးစီးပွားများ ဖြစ်ထွန်းချောမွေ့ အောင်မြင်စေပါတယ်။

၈။ နေအိမ်အောက် ကြိုးတန်းအောက်

နေအိမ်များအောက် လုံချည်၊ ထဘီ၊ ဘောင်းဘီ များလှမ်းသည့် ကြိုးတန်းများအောက်သို့ ၀င်ခြင်း၊ ဖြတ်သန်းခြင်း မပြုသင့်ပါ။ ဘုန်းကျက်သရေမင်္ဂလာများ နိမ့်ပါးကျဆင်းတတ်ပါသည်။ တတ်နိုင်သမျှ မ၀င်မိ၊ မဖြတ်မိအောင် ရှောင်ကြဉ်ပါ။

Reference: Yaung Pyan Magazine, August 2007


Read More...

Tuesday 17 July 2007

မန္တလေးအလှ


စာတွေနဲ့ပြည့်နေတဲ့ကျနော့်ရဲ့ Blog စာမျက်နှာအတွက် မန္တလေးမြို့ရဲ့ပုံတွေကို စုစည်းမိ့သလောက်တင်ပြပေးလိုက်ပါတယ်။



မှတ်ချက်။ ။ယခုပုံများကို myanmars.net မှ ရယူထားခြင်းဖြစ်ပါသည်။

Read More...

Thursday 12 July 2007

ကိုသားကြီး

ဇာတ်ကောင်ကို ပီပြင်စွာ၊ သဘာဝကျစွာ သရုပ်ဆောင်တက်သော၊ ပြည်သူချစ်သော အနုပညာရှင် ကိုသားကြီး တစ်ယောက် ၁၁.၀၇.၀၇ နေ့ကကွယ်လွန်သွားကြောင်းကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကိုသားကြီး တစ်ယောက်ကောင်းရာသုကတိလားပါစေ....



Read More...

Tuesday 10 July 2007

မန္တလေးလျှပ်စစ်မီး

အခု မန္တလေး ရဲ့မြို့နယ်တော်တော်များများကို ၂၄ နာရီ မီးလာနေပြီလို့သိရတယ်။ ကျနော်တို့ရပ်ကွက်မှာလည်း ၈.၇.၀၇ နေ့ကစပြီးမီးမပျက်တာ ဒီနေ့အထိ့ပါပဲ။ ပျက်လည်း ၅ မိနစ် ၁၀ မိနစ်လောက် ပျက်ပြီးနောက်ပြန်လာတယ်။ ဒီအတိုင်းသာ ပုံမှန်ဖြစ်ခဲ့ရင် တကယ်ဝမ်းသာစရာပါ။

Read More...

Monday 9 July 2007

အလုပ်နှင့်အင်တာနက်

အလုပ်မှာက အင်တာနက်သုံးဖို့ တရားဝင်ခွင့်ပြုမထားခဲ့ဘူး။ အဲဒါကြောင့် ညဘက် duty ကျတဲ့အချိန်မှာပဲ အင်တာနက် သုံးဖြစ်ခဲ့တယ်။ night duty က လတိုင်း တစ်ပတ်မှာ ၂ ရက် (သို့) ၃ ရက်ပါတယ်။ ဒီလမှာ ၁ပတ်ကို ၃ ရက် night duty ဆင်းရတယ်။ အခုအချိန်က အလုပ်ပါးတဲ့လတွေဆိုတော့ လုပ်စရာအလုပ်တွေက ၁၂၊ ၁ နာရီလောက်ဆိုပြီးသွားပြီ။ ကျန်တဲ့ အချိန်တွေအားနေတော့ ကျနော်အတွက်ပိုအဆင်ပြေသွားတယ်။ အလုပ်ပြီးတာနဲ့ အင်တာနက်သုံးနေလိုက်တော့တယ်။

Read More...

Tuesday 3 July 2007

လည်ပတ်ခြင်း

အခုရက်ပိုင်း ဘာပို့စ်မှမရေးဖြစ်ဘဲ ... Blogger အနှံခြေဆန့်ပြီး ဟိုလျှောက်လုပ် ဒီလျှောက်လုပ်နဲ့ အချိန်ကုန်သွားတယ်။ နေရာသစ် လည်းပိုပြီး စိုစိုပြေပြေဖြစ်လာတယ်လို့ ထင်မိ့တယ်။ အဲဒီအတွက် Senior blogger များကိုလည်းကျေးဇူးတင်ပါတယ်။ သူတို့တင်ထားတဲ့ ပိုစ်တွေ သူတို့ရဲ့မျှဝေပေးမှုတွေကြောင့်လည်း ကျနော်တို့လို blogger အသစ်တွေအတွက်အများကြီးအဆင်ပြေပြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ ကျနော်ရဲ့ရှေ့ဆောင်လမ်းပြ Blogger သူငယ်ချင်း ပေါက်ပေါက်ဆုပ် ကိုလည်းကျေးဇူးအထူးတင်ပါတယ်။

Read More...

Monday 2 July 2007

အလုပ်/အရှုပ်

အလုပ်ရောက်ကတည်းက လုပ်ရမယ့်အလုပ်တွေ ဘာမှမလုပ်ရသေးဘူး အရင်ဆုံး ကိုယ်ရဲ့ Blog ကိုဖွင့်မိတယ်။ နောက်တခြား Blog တွေလျှောက်ကြည့်ရင်း အရှိန်ပါသွားပြီး အချိန်ကုန်မှန်းမသိကုန်သွားတယ်။ သူများတွေရဲ့ Blog လို Header လှလှလေးလုပ်ချင်တာနဲ့ ကျနော်ရဲ့ Header ကိုလည်းချိန်းလိုက်ပြီး cbox ပါထပ်ထည့်လိုက်တယ်။ colour တွေပြောင်းလိုက်တယ်။ အားလုံးပြီးတော့ မနက် 3:00 နာရီကျော် ရှိနေပြီ။

Read More...