Tuesday 28 August 2007

အတိတ်သို့ အမှတ်တရ

Office ၁၀ တန်းအောင်ပြီး တက္ကသိုလ်မတက်ခင် ဦးလေးသူငယ်ချင်းတစ်ယောက်က သူတို့ အလုပ်မှာ ၀န်ထမ်းခေါ်တယ်ဆိုပြီးပြောလာတော့ အိမ်ကကျနော်ကို အလုပ်သွားလျှောက်ခိုင်းတယ်။ အင်တာဗျုးလုပ်တဲ့ နေ့မှာကိုယ်တက်တဲ့ ဂါထာလေးကိုရွတ်ပြီး ကိုယ်အလှည့်ကိုစောင့်နေလိုက်တယ်။ မကြာပါဘူး ကျနော်အလှည့်ကိုရောက်လာတယ်။ ဆရာလေးယောက်မေးတာတွေကို အတက်နိုင်ဆုံးဖြေပြီး အိမ်ကိုပြန်လာခဲ့တယ်။ အင်တာဗျူးလာဖြေတဲ့သူတွေထဲမှာ ကျောင်းကသူငယ်ချင်းတစ်ယောက် ကိုလည်းတွေ့လိုက်တယ်။ နောက်ရက်ကျ ဦးလေးသူငယ်ချင်းက အလုပ်ဆင်းဖို့အိမ်ကို အကြောင်းကြားလာတယ်။

၁၀တန်းအောင်ပြီးစ ဘာမှလည်းမသိ လုပ်ငန်းအတွေ့အကြုံလည်းမရှိသေးတဲ့ ကျနော်အတွက် အလုပ်ရမယ်လို့လုံးဝထင်မထားခဲ့မိ့ဘူး။ အလုပ်ဆင်းရမယ်ဆိုတော့ စိတ်ထဲတစ်မျိုးပဲ။ နောက်ရက် အမေကြီးထုပ်ပေးလိုက်တဲ့ ထမင်းချိုင့်လေးယူပြီး အလုပ်ကိုလာခဲ့တယ်။ အလုပ်မှာ အင်တာဗျူးနေ့တုန်းကတွေ့တဲ့ အစ်ကိုတစ်ယောက်(ကိုသဲနောင်)က လုပ်ရမယ့်အလုပ်တွေ၊ အလုပ်အကြောင်း၊ လုပ်ငန်းနဲ့ပက်သက်လို့ရှောင်ရန်ဆောင်ရန် အားလုံးကိုပြောပြပေးတယ်။ အင်တာဗျူးလုပ်တုန်းကတွေ့လိုက်တဲ့ ကျနော်ဆရာလေးယောက်(ဦးတင်ထွန်း၊ ဦးမောင်မောင်၊ ဦးထွန်းသိန်း၊ ဦးဝင်းအောင်) က အလုပ်မှာအချိန်ပြည့်မထိုင်ဘူးဆိုတာလည်း သိလိုက်ရတယ်။ ဆရာလေးယောက်ဆိုတဲ့အတိုင်း တစ်ယောက်တစ်မျိုးစီ ပညာတော်ကျတယ်။

ဆရာတို့တတွေရဲ့ သင်ကြားမှုတွေ၊ ဆိုဆုံးမမှုတွေကြောင့်ပဲ ကျနော်မျက်စိပွင့်နားပွင့်ဖြစ်ခဲ့ရတယ်။ သူတို့အားလုံး ကျနော်တို့ရဲ့အလုပ်ရှင် ဆရာတွေဖြစ်ပေမယ့် ကျနော်တို့အပေါ်အလုပ်သမားလို သဘောမထားဘဲ တူလိုသားလိုဆက်ဆံခဲ့ကြတယ်။ ဆရာတပည့်တွေ အတူတူပျော်ပျော်ပါးပါး ထမင်းလက်ဆုံစားခဲ့ဖူးတယ်။ ကြုံလာသမျှအခက်အခဲ တွေကိုလည်းအတူတူရင်ဆိုင် ဖြေရှင်းခဲ့ကျတယ်။ ကျနော်တို့ရဲ့တွဲလက်တွေ မမြဲခဲ့ပေမယ့် တစ်ချိန်က ကျနော်တို့အားလုံး ပျော်ရွှင်ခဲ့ကြပါတယ် ဆရာ ....
Office

Read More...

Wednesday 22 August 2007

အရက်

ဦးလေးကိုဆေးခန်းလိုက်ပို့ရင်း လမ်းမှာ စက်ဘီးလဲပြီး ကိုယ်ကိုယ်ကိုတောင် မနိုင်မနင်းဖြစ်နေတဲ့ အရက်သမားတစ်ယောက်ကိုတွေ့ခဲ့ရတယ်။ ရှိသမျှအရက်ဆိုင်တိုင်းမှာ လူတွေပြည့်နေတာကိုထပ်မြင်ရတော့ အခုပိုစ်ကိုရေးဖြစ်သွားခဲ့ပါတယ်။

အရက်

အရက်ကို လူအမျိုးမျိုးက အကြောင်းပြချက်မျိုးစုံနဲ့ သောက်နေခဲ့ကြတယ်။ ဘယ်လိုကြောင့်ပဲ သောက်သောက် ဒီအရက်ကကောင်းကျိုးမပေးတာကိုတော့ သူတို့အားလုံးသိကြမှာပါ။ အရက်သောက်လို့ ချမ်းသာသွားတဲ့သူ၊ ကြီးပွားသွားတဲ့သူရယ်လို့ တစ်ခါမှ မမြင်ဘူး၊ မကြားဘူးခဲ့ပါဖူး။ အရက်ရောင်းတဲ့သူသာ ရောင်းကောင်းလို့ ကောင်းစားရင်ကောင်းစားသွားမယ် သောက်တဲ့သူအတွက်ကတော့ လုံးဝအကျိုးမရှိတဲ့အပြင်၊ လူကိုပါအန္တာရယ်ဖြစ်စေတဲ့ ဒီအရက်ကို ဘာကြောင့်များနှစ်နှစ်ခြိုက်ခြိုက် သောက်နေခဲ့ကြတာလည်း။ လုံးဝစဉ်းစားလို့မရခဲ့ပါဘူး။

စီးပွားရေးအရ ဈေးကွက်တစ်ခုဖြစ်နေတဲ့ အရက်ကို ၀ိသမာလောဘသားတွေက သူတို့စီးပွားရေးတစ်ခုထဲ အကျိုးအတွက်နဲ့ မတားမြစ်မခြင်း ရောင်းနေကြမှာပါဘဲ။ ရောင်းတဲ့သူကိုအပြစ်တင်မလားဆိုတော့ သူတို့ကလည်း သောက်သုံးသူတွေရှိလို့သာ အခုလိုရောင်းနေကြတာပါ။ အဓိကကတော့ မိမိကိုယ်တိုင်ပဲလို့ ကျနော်စဉ်းစားမိ့တယ်။
သူကရောင်းချင်ဦးတောင် သောက်မယ်သူမရှိရင် ရောင်းနိုင်တော့မယ်မထင်ပါဘူး။

အရက်ကြောင့် ဘ၀ဆုံးသွားတဲ့သူတွေ၊ လူရာမ၀င်ဖြစ်ခဲ့ရသူတွေ ပတ်ဝန်းကျင်မှာ အများကြီးတွေ့မြင်ကြမှာပါ။ ကိုယ်ရှေ့မှာ ဒီလိုလူမျိုးတွေ မြင်တွေ့နေတာတောင်မှ အသောက်မပျက်တဲ့ အရက်ချစ်သူများကိုတော့ တကယ်အံ့သြရပါတယ်။ ဖြစ်လာမယ့်လမ်းကို ကြိုသိနေပါရက်နဲ့ သူတို့ဘယ်လို သတ္တိတွေနဲ့များ ဒီအရက်ကိုသောက်နေကြသလဲ။ စိတ်ညစ်လို့ သောက်တယ်ဆိုရအောင် အရက်သောက်တိုင်း စိတ်ညစ်ပြေသွားမလား၊ အဆင်မပြေမှုတွေပျောက်သွားမလား။ အလုပ်ပင်ပန်လွန်းလို့ ဆေးဖြစ်ဝါးဖြစ်သောက်ပါတယ်ဆိုရင်လည်း ကြာရင်အဲဒီလုပ်ရပ်က ရောဂါကို ငွေနဲ့ဝယ်ယူသလို ဖြစ်နေမှာပါ။ အရက်သောက်တော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ကိုမှီခိုနေတဲ့ မိသားစု၊ မိမိရဲ့ဆွေမျိုးမိဘ၊ မောင်နှမတွေကို တစ်ချက်လောက်မြင်ကြည့်ပါ။ ကိုယ်သောက်လို့ကိုယ်ဖြစ်တယ်ဆိုအုံးတောင် သင့်မိသားစုက ဒီအတိုင်းကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အတွက်နဲ့သူတို့တွေ ဒုက္ခရောက်ရမယ်ဆိုတာ စဉ်းစာကြည့်ရင်သိနိုင်မှာပါ။

ဘယ်သူမဆို နည်းနည်းပါးပါးဆိုရာကနေ စခဲ့ကျတာကြည်းပါ။ နောက်တော့ အဲဒီနည်းနည်းဆိုတာကနေ မသောက်ရမနေနိုင်တဲ့အထိဖြစ်လာခဲ့ကြပြီး၊ နောက်ဆုံးကိုယ်ရဲ့ဘ၀ကိုပါပေးဆပ်လိုက်ရတဲ့အထိ့ ဖြစ်သွားနိုင်ပါတယ်။ “ အစရှိ အနောင်နောင် ” ဆိုသလို ကောင်းကျိုးမပေးတဲ့ ဒီအရက်ကို အစမလုပ်မိ့ဖို့နဲ့ ကျနော်တို့ ဗုဒ္ဓဘာသာအရ ကံငါးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ သေရည်သေရက် သောက်စားခြင်းကို ရှောင်ကျဉ်ကျဖို့ သူငယ်ချင်း အားလုံးကို ဒီဆောင်းပါးနဲ့အတူ ပြောချင်ပါတယ်။

Read More...

Thursday 2 August 2007

Earthquake

မနေ့ည ၁၀း၃၀ နဲ့ ၁၂း၀၀ နာရီ ကျော်လောက်မှာ ငလျှင်လှုပ်သွားခဲ့တယ်။ ပထမ အကြိမ်လှုပ်တုန်းက ကျနော် TV ထိုင်ကြည့်နေတုန်းလှုပ်သွားခဲ့ပြီး သိပ်မပြင်းဘူး။ ဒုတိယအကြိမ် လှုပ်တာတော့ တော်တော်လေးပြင်းတယ်။ အဲဒီအချိန်မှာ ကျနော် အိပ်ရာထဲရောက်နေပြီ။ တစ်အိမ်လုံးကိုတုန်သွားခဲ့တယ်။ နောက်နေ့ နေ့လည် အလုပ်ရောက်ရောက်ချင်း စောသေးလို့နားမလို့လုပ်နေတုန်း ယူနီဖောင်းဝတ်ပြီး လာခဲ့ပါလိုပြောသွားတယ်။ ဘာလို့လည်းလို့မေးကြည့်လိုက်တော့ မနေ့ကငလျှင်လှုပ်သွားတဲ့ ဒဏ်ကြောင့် အရင်ကတည်းက ကြွချင်နေတဲ့ ဧည့်ခန်းမှာခင်းထားတဲ့ကြွေပြားတွေက အကုန်နီးပါးလောက် ကြွတက်လာတယ်လို့ပြောတယ်။ အဲဒီကိစ္စနဲ့ပက်သက်ပြီး မန်နေဂျာကအစ အကုန်အလုပ်ရှုပ်သွားကြတယ်။ ကျနော်တို့ လက်ရှိအလုပ်လုပ်နေတဲ့နေရာကိုလည်း တခြားတစ်နေရာပြောင်းလိုက်ရတယ်။

Read More...

Wednesday 1 August 2007

3 Colum Template

3 Colum Template လုပ်ချင်တာနဲ့ ကိုရန်အောင် ရဲ့ Blog မှာ ပြောပြထားတဲ့အတိုင်း စမ်းကြည့်လိုက်တယ်။ ပထမတော့ အဆင်မပြေဘူး။ ရှင်းပြထားတာကို သေချာပြန်ဖတ်ကြည့်တယ် နောက်ပြီး တခြားလိုအပ်တာလေးတွေ ကိုယ်ဖာသာပြန်စဉ်းစားပြီး ထပ်လုပ်ကြည့်တော့ နည်းနည်းအဆင်ပြေလာတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပုံစံမျိုးတော့ဖြစ်မလာသေးဘူး။ လိုတာတွေရော မလိုတာတွေရောပေါ်လာတယ်။ အသစ်ထပ်ယူလိုက်တဲ့ sidebar မှာ background color ထည့်ချင်တာ အဆင်မပြေဘူး။ နောက်ပြီး header ရဲ့အောက်မှာ အဖြူလိုင်း တစ်ခုပေါ်လာတယ်။ ဘယ်နေရာမှားသွားလည်းမသိဘူး။ အခုလောလောဆယ်တော့ လက်ရှိမြင်နေရတဲ့အတိုင်း blog ကပုံစံမကျဖြစ်နေတယ်။ ထပ်ပြင်ဖို့ရာလည်း အချိန်က မနက်လင်းတော့မယ်။ စဉ်းစားရလွန်းလို့ ခေါင်းလည်းပူနေပြီ။ ဒီတော့ 3 colum template ကိုဒီမှာပဲ ခေတ္တရပ်ထားလိုက်ပါသည်။

Read More...