Wednesday, 1 August 2007

3 Colum Template

3 Colum Template လုပ်ချင်တာနဲ့ ကိုရန်အောင် ရဲ့ Blog မှာ ပြောပြထားတဲ့အတိုင်း စမ်းကြည့်လိုက်တယ်။ ပထမတော့ အဆင်မပြေဘူး။ ရှင်းပြထားတာကို သေချာပြန်ဖတ်ကြည့်တယ် နောက်ပြီး တခြားလိုအပ်တာလေးတွေ ကိုယ်ဖာသာပြန်စဉ်းစားပြီး ထပ်လုပ်ကြည့်တော့ နည်းနည်းအဆင်ပြေလာတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပုံစံမျိုးတော့ဖြစ်မလာသေးဘူး။ လိုတာတွေရော မလိုတာတွေရောပေါ်လာတယ်။ အသစ်ထပ်ယူလိုက်တဲ့ sidebar မှာ background color ထည့်ချင်တာ အဆင်မပြေဘူး။ နောက်ပြီး header ရဲ့အောက်မှာ အဖြူလိုင်း တစ်ခုပေါ်လာတယ်။ ဘယ်နေရာမှားသွားလည်းမသိဘူး။ အခုလောလောဆယ်တော့ လက်ရှိမြင်နေရတဲ့အတိုင်း blog ကပုံစံမကျဖြစ်နေတယ်။ ထပ်ပြင်ဖို့ရာလည်း အချိန်က မနက်လင်းတော့မယ်။ စဉ်းစားရလွန်းလို့ ခေါင်းလည်းပူနေပြီ။ ဒီတော့ 3 colum template ကိုဒီမှာပဲ ခေတ္တရပ်ထားလိုက်ပါသည်။

No comments:

Post a Comment