မနေ့က blog မှာ နေရာသစ် နာမည်နဲ့ account အသစ်ယူလိုက်ပါတယ်။ ဇော်ဂျီ font သုံးဖို့အတွက်ကိုတော့ saturngod.blogspot.com မှာပြောပြထားတဲ့အတိုင်း သွင်းခဲ့ပါတယ်။ စေတန်ကိုလည်းကျေးဇူးတင်ပါတယ်။ ဇော်ဂျီ font တင်နေရင်း connection ပြတ်သွားတယ်။ မနက် ၅း၀၀ နာရီလောက်မှ connection ပြန်ကောင်းလာတယ်။ ၆း၃၀ မှာ duty ထွက်မှာဆိုတော့ post အသစ်တင်ဖို့ရာ အဆင်မပြေတော့တာနဲ့ အဲ့ဒီနေ့က post မတင်ဖြစ်လိုက်တော့ဘူး။ Blog မရေးဖြစ်ပေမယ့် သူများရေးထားတဲ့ Blog တွေကိုဝင်ကြည့်နေခဲ့တာ ကြာပါပြီ။ ပထမဆုံး စ၀င်ဖြစ်တဲ့ Blog က Arloo ရဲ့ blog ပါ။ နောက် ညီလင်းဆက်၊ မောင်လှ၊ saturngod စတဲ့ blog တွေကို ကျနော်ဝင်ကြည့်ဖြစ်ပါတယ်။ အားလုံးက သူတို့ရဲ့ အယူအဆ၊ ထင်မြင်ချက်တွေ နဲ့ computer နဲ့ပက်သက်တဲ့ ဗဟုသုတ ရစရာတွေတင်ထားကျလို့ သူတို့တွေရဲ့ blog များကိုအမြဲလိုဝင်ကြည့်ဖြစ်ခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment