Monday 17 September 2007

ဆောင်း


ဆောင်းရာသီရောက်လို့ မနက်မနက် ကျူံးဘေးက ညောင်မုတ်ဆိတ်ပင်ကြီးကိုဖြတ်ပြီး အလုပ်သွားရင် ငယ်ငယ်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို သတိရမိ့တယ် ......




1993 လောက်က ...
ဆောင်းရာသီရဲ့ မနက်ခင်းတစ်ရက်မှာ ဘဘနဲ့အတူ လမ်းလျှောက်ထွက်ခဲ့ကြတယ်၊ မနက်ဝေလီဝေလင်း အချိန်ဆိုတော့ မီးရောင်ရှိတဲ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေမှာ အမှောင်ဖုံးနေခဲ့တယ်။ မြေးအဖိုးနှစ်ယောက် လမ်းလျှောက်လိုက်၊ ပြေးလိုက်၊ နားလိုက်၊ လုပ်ရင်းနဲ့ ကျူံးဘေးကိုရောက်လာခဲ့တယ်၊ ကျူံးဘေးမှာ ကျနော်တို့လိုပြေးနေတဲ့ သူတော်တော်များများရှိနေတယ်။ အဲဒီအချိန်ကလည်း မန္တလေးမှာ ဆောင်းတွင်းအားကစားပွဲတွေလုပ်တဲ့အချိန်ဆိုတော့ မနက်ဆို ထပြေးတဲ့သူ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ တော်တော်စည်တယ်။ ကျူံးဘေးမှာ အပြေးလေ့ကျင့်ရင်းနဲ့ မောလာလို့ သစ်ပင်တစ်ပင်အောက်မှာ ခဏနားဖြစ်ခဲ့ကြတယ်။ ကိုယ်နားနေတဲ့ သစ်ပင်ကိုကြည့်လိုက်မိတော့ စိတ်ဝင်စားသွားတယ်။ သစ်ပင်ကနေပြီး မုတ်ဆိတ်မွေးလို နွယ်တွေအောက်ကို အများကြီးကျနေတယ်လေ။ သိချင်လာတာနဲ့ ဘဘကိုမေးကြည့်တော့ အဲဒါ “ ညောင်မုတ်ဆိတ် ” ပင်လို့ ဘဘကပြောပြတယ်။ အပင်ကြီးကို စိတ်ဝင်တစားနဲ့ကြည့်နေတာ ဘေးမှာအတူနားနေတဲ့ ဘဘကိုသတိမထားလိုက်ဘူး။ သတိရလို့ကြည့်လိုက်တော့ ဘဘကမရှိတော့ဘူး။ ပတ်ဝန်းကျင်မှာရှာကြည့်တော့လည်း မတွေ့ဘူး။ အချိန်နည်းနည်းကြာလာတာနဲ့ ကျနော်စိုးရိမ်လာတယ်၊ ဘဘကျနော်ကိုမေ့ထားခဲ့ပြီး ထွက်သွားပြီလား၊ တစ်ယောက်တည်းပြန်ဖို့ရာလည်း အိမ်ကိုဘယ်လိုပြန်ရမယ်ဆိုတာ မသိဘူး။ ကျူံးနဲ့အိမ်က အဝေးကြီးမဟုတ်ပေမယ့် အခုမှစပြေးဖူးတာဆိုတော့ လမ်းလည်းမမှတ်မိ့ဘူး။ တစ်ယောက်တည်း တွေးရင်းတွေးရင်း ၀မ်းနည်းပြီး ငိုမိတယ်။ တော်တော်လေးကြာမှ ဘဘပြန်ရောက်လာပြီး ကျနော်ငိုနေတာတွေတော့ ဘာလို့ငိုတာလည်းဆိုတာမေးတယ်။ ငိုနေရင်းကပဲ ဘဘကိုရှာမတွေ့လို့ ငိုနေတဲ့အကြောင်းပြောပြတော့ ဘဘက သူဒီနားခဏလမ်းလျှောက်သွားတာပါလို့ပြောပြတယ်။ ကျနော်ကိုလည်း မငိုတော့ဖို့ပြောပြီး မြေးအဖိုးနှစ်ယောက် အိမ်ပြန်ခဲ့ကြတယ် ....

ပေါက်ပေါက် ကောင်းမှုကြောင့် ကျနော် Post တစ်ခုရေးဖြစ်သွားပြီ ...း)
ပြန် Tag ရမယ့်သူတော့မရှိဘူး ....
ဒီတော့ ကျနော် ပို့စ်အသစ်တစ်ခုရေးပြီး ပေါက်ပေါက်ကို ပြန်ကောင်းမှုပြုရမယ် ....;)
ပေါက်ပေါက်ရေ ရေးဖို့ပြင်ထားပါဗျာ .....

No comments:

Post a Comment